ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများအတွက် ရှမ်းယူနိုက်တက်အသင်း မိသားစုက စားနပ်ရိက္ခာနှင့် ထောက်ပံ့ရေးပစ္စည်းများ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။ ရှမ်းယူနိုက်တက် U-20 နည်းပြချုပ် ဦးဟန်ဝင်းအောင် ဦးဆောင်၍ စီနီယာကစားသမားများဖြစ်ကြသည့် ပြည့်ဖြိုးအောင်၊ စအောင်ပြည့်ကိုနှင့် တာဝန်ရှိသူများသည် လေးမျက်နှာမြို့နယ်၊ အိုင်သပြုကျေးရွာရှိ ရေဘေးသင့်ဒေသသို့ သွားရောက်ကာ ဒေသခံများအတွက် လိုအပ်သည့် ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးပစ္စည်းများကို တာဝန်ရှိသူများထံ တိုက်ရိုက် ပေးအပ်လှူဒါန်းခဲ့ကြသည်။
ရှမ်းယူနိုက်တက်အသင်းက လေးမျက်နှာမြို့နယ် ရေဘေးသင့်ပြည်သူများထံ စားနပ်ရိက္ခာနှင့် ထောက်ပံ့ရေးပစ္စည်းများ သွားရောက်လှူဒါန်း
Aug 15 • 12:27 PM
မြန်မာ
ဧရာ၀တီ
မျှဝေမည်
| 11 | 0 | 0 | 0 |


