back

ကရင်ပြည်နယ်၊မြဝတီ-ကော့ကရိတ် အာရှလမ်းတွင် CANTER ကားတိမ်းမှောက်၍ ယာဉ်မောင်း သေဆုံး၊ ၂ ဦးဒဏ်ရာရ

Aug 15 • 12:26 PM

breaking-news

မြန်မာ

ကရင်

cover

ကရင်ပြည်နယ်၊မြဝတီ-ကော့ကရိတ် အာရှလမ်းတွင် CANTER ကားတိမ်းမှောက်၍ ယာဉ်မောင်း သေဆုံး၊ ၂ ဦးဒဏ်ရာရ

ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်း၊ ကွမ်းခြံကုန်းဘုရားကွေ့အနီးတွင် ဩဂုတ်လ ၁၅ ရက် နံနက်ပိုင်းက ကုန်စိမ်းများတင်ဆောင်လာသည့် CANTER (၆) ဘီးယာဉ်တစ်စီး တိမ်းမှောက...

ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်း၊ ကွမ်းခြံကုန်းဘုရားကွေ့အနီးတွင် ဩဂုတ်လ ၁၅ ရက် နံနက်ပိုင်းက ကုန်စိမ်းများတင်ဆောင်လာသည့် CANTER (၆) ဘီးယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ ယာဉ်မောင်းဖြစ်သူ သေဆုံးပြီး အမျိုးသား ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ အဆိုပါ ဖြစ်စဉ်ကြောင့် ယာဉ်အတွင်း ပိတ်မိနေသည့် သေဆုံးသူ၏ ရုပ်အလောင်းအား မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ချုပ် (ဗဟို) ၏ ဦးဆောင်မှုဖြင့် ဒေသခံ ကယ်ဆယ်ရေးအဖွဲ့များ ပူးပေါင်းကာ ထုတ်ယူပေးခဲ့ပြီး ဒဏ်ရာရရှိသူများကို မြဝတီဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

news-view-count-icon

9