တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ မကာအိုအထူးအုပ်ချုပ်ရေးဒေသ၊ Venetian Macao, Cotai Expo ၌ ဩဂုတ် ၆ ရက်မှ ၉ ရက်အထိ ကျင်းပခဲ့သည့် ၂၀၂၆ ကွမ်တုံး-မကာအို ကုန်အမှတ်တံဆိပ် ထုတ်ကုန်ပြပွဲတွင် မြန်မာနိုင်ငံမှ ကျောက်စိမ်း၊ ကျောက်မျက်ရတနာ၊ ယွန်းထည်၊ အဝတ်အထည်နှင့် ဒေသထွက် အစားအသောက်များ ပါဝင်ပြသရောင်းချခဲ့ကြောင်း သိရသည်။ အဆိုပါ ပြပွဲ၏ ရပ်ဝန်းနှင့် ပိုးလမ်းမ ကုန်ပစ္စည်းဇုန် (Belt and Road Zone) တွင် ပြခန်း ၂၀ ပါဝင်သည့် မြန်မာပြခန်းဧရိယာကို ထည့်သွင်းထားရာ မြန်မာကုမ္ပဏီ ၅ ခုမှ ကျောက်စိမ်း၊ လက်ဝတ်ရတနာ၊ ယွန်းထည်နှင့် အဝတ်အထည်များကို ခင်းကျင်းပြသခဲ့ပြီး ကျန်ပြခန်းများတွင် မကာအိုရောက် တရုတ်-မြန်မာလုပ်ငန်းရှင်များက မြန်မာ့အစားအသောက်နှင့် လက်ဝတ်ရတနာများကို ပါဝင်ပြသရောင်းချခဲ့ကြကြောင်း သိရသည်။


