ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ မြေနီကုန်းတံတားအတက်တွင် ဩဂုတ်လ ၁၅ ရက် (၂၀၂၆ ခုနှစ်) မွန်းလွဲ ၂ နာရီ ၁၆ မိနစ်အချိန်ခန့်က YBS ယာဉ်တစ်စီး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ သတင်းရရှိသဖြင့် စမ်းချောင်းမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁) စီးနှင့် အနာဂတ်လင်းလက် လူမှုကူညီရေးအသင်းမှ ရေသယ်ယာဉ် (၁) စီးတို့ဖြင့် သွားရောက် ငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၂ နာရီ ၂၁ မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊စမ်းချောင်းမြို့နယ်၊ မြေနီကုန်းတံတားအတက်တွင် YBS ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားပြီး ၅ မိနစ်အတွင်း မီးငြိမ်းသတ်နိုင်ခဲ့
Aug 15 • 12:21 PM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 19 | 0 | 0 | 0 |


