ယခင်အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် အစိုးရလက်ထက်က ယူကရိန်းအပါအဝင် ပြည်ပနိုင်ငံများသို့ လက်နက်အမြောက်အမြား ပေးအပ်ခဲ့ခြင်းမှာ ဆိုးရွားပြီး ဝမ်းနည်းစရာကောင်းသည့် လုပ်ရပ်ဖြစ်ကြောင်း အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ကယ်ရိုလင်း လီဗစ်က ပြောကြားခဲ့သည်။ ယူကရိန်းသို့ စစ်ရေးအကူအညီများ ဆက်လက်ပေးအပ်မည့် အလားအလာနှင့် ပတ်သက်၍ မေးမြန်းရာတွင် လီဗစ်က သမ္မတ ဒေါ်နယ်ထရမ့်အနေဖြင့် ယခင်အစိုးရထက် စဉ်းစားဆင်ခြင် ချင့်ချိန်နိုင်စွမ်း ပိုမိုရှိကြောင်းနှင့် လက်နက်ခဲယမ်း ပေးအပ်သည့် ကိစ္စများတွင် ခိုင်မာသည့် ရပ်တည်ချက်ရှိကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
Aug 15 • 12:20 PM
မြန်မာ
ပြည်ပ
မျှဝေမည်
| 10 | 0 | 0 | 0 |


