back

Elite ခရီးသည်တင်ယာဉ် အမြန်လမ်းတွင် တံတားအောက် ထိုးကျတိမ်းမှောက်၊ ယာဉ်ပေါ်ပါ ၁၅ ဦး မစိုးရိမ်ရဒဏ်ရာများရရှိ

Aug 15 • 12:19 PM

breaking-news

မြန်မာ

ရန်ကုန်

breaking-news
cover

Elite ခရီးသည်တင်ယာဉ် အမြန်လမ်းတွင် တံတားအောက် ထိုးကျတိမ်းမှောက်၊ ယာဉ်ပေါ်ပါ ၁၅ ဦး မစိုးရိမ်ရဒဏ်ရာများရရှိ

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၅၈/၁ နှင့် ၅၈/၂ ကြားတွင် ဩဂုတ်လ ၁၅ ရက် နံနက် ၅ နာရီခွဲခန့်က Elite ခရီးသည်တင်ယာဉ်တစ်စီး တံတားအောက်သို့ ထိုးကျတိမ်း...

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၅၈/၁ နှင့် ၅၈/၂ ကြားတွင် ဩဂုတ်လ ၁၅ ရက် နံနက် ၅ နာရီခွဲခန့်က Elite ခရီးသည်တင်ယာဉ်တစ်စီး တံတားအောက်သို့ ထိုးကျတိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့ထံမှ သိရသည်။ နေပြည်တော်မှ ရန်ကုန်သို့ မောင်းနှင်လာသည့် အဆိုပါယာဉ်မှာ ယာဉ်မောင်း အိပ်ငိုက်ရာမှ လမ်းလယ်ကျွန်းကို ဝင်တိုက်ကာ တံတားအောက် ထိုးကျသွားခဲ့ခြင်းဖြစ်ပြီး ယာဉ်ပေါ်ပါရှိသူ ယာဉ်မောင်းအပါအဝင် အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၁၅ ဦးလုံး မစိုးရိမ်ရ ဒဏ်ရာများ ရရှိခဲ့သဖြင့် တာဝန်ရှိသူများက ပဲခူးမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးပို့သပေးခဲ့ကြောင်း သိရသည်။

news-view-count-icon

20