လက်ရှိ ဖြစ်ပွားလျက်ရှိသည့် ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ဧရာဝတီတိုင်းဒေသကြီးရှိ ချောင်းသာနှင့် ငွေဆောင်ကမ်းခြေတို့သို့ လာရောက်လည်ပတ်သူများအနေဖြင့် ကမ်းခြေ၌ ရောင်းချနေသည့် အကင်များနှင့် အစားအစာများ ဝယ်ယူစားသုံးရာတွင် သန့်ရှင်းမှုနှင့် အစားအစာ ဘေးကင်းလုံခြုံမှုကို အထူးဂရုပြုကြရန် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က အသိပေးထားသည်။ အစားအသောက်များ ဝယ်ယူရာတွင် သေချာကျက်အောင် ချက်ပြုတ်ထားခြင်း ရှိ၊ မရှိ စစ်ဆေးရန်နှင့် ချက်ပြုတ်ပြီး အစားအစာများကို လက်ဗလာဖြင့် မကိုင်တွယ်ဘဲ ဇွန်း၊ ညှပ် သို့မဟုတ် သန့်ရှင်းသော လက်အိတ်များ အသုံးပြုသည့် ဆိုင်များကို ရွေးချယ်စားသုံးကြရန် တိုက်တွန်းထားကြောင်း သိရသည်။
ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေချိန် ချောင်းသာနှင့် ငွေဆောင်ကမ်းခြေရှိ အစားအစာများ စားသုံးရာတွင် အထူးဂရုပြုရန် အသိပေး
Aug 15 • 12:16 PM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 12 | 0 | 0 | 0 |


