ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်၊ အောက်ပုဇွန်တောင်လမ်းတစ်လျှောက်တွင် မြို့ပြအင်္ဂါရပ်နှင့်အညီ သပ်ရပ်လှပစေရန်နှင့် လမ်းသွားလမ်းလာပြည်သူများ အန္တရာယ်ကင်းရှင်းစေရန်အတွက် ရှုပ်ထွေးနေသည့် ကေဘယ်ကြိုးများကို ဆက်လက်ရှင်းလင်းလျက်ရှိကြောင်း သိရသည်။ အဆိုပါ ကေဘယ်ကြိုး ရှင်းလင်းရေးလုပ်ငန်း ဆောင်ရွက်နေမှုကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာမျိုးသော်နှင့် တာဝန်ရှိသူများက ဩဂုတ်လ ၁၄ ရက်တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး စနစ်တကျ ရှင်းလင်းဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ပုဇွန်တောင်မြို့နယ်တွင် မြို့ပြသပ်ရပ်လှပရေးနှင့် အန္တရာယ်ကင်းရှင်းရေးအတွက် ရှုပ်ထွေးကေဘယ်ကြိုးများ ဆက်လက်ရှင်းလင်း
Aug 15 • 12:15 PM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 11 | 0 | 0 | 0 |


