back

ပဲခူးတိုင်းဒေသကြီး၊ပန်းတောင်းမြို့နယ်၌ ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ရေဝင်ရောက်သည့် နေအိမ်များကို ကူညီရွှေ့ပြောင်းပေး

Aug 15 • 12:14 PM

breaking-news

မြန်မာ

ပဲခူး

breaking-news
cover

ပဲခူးတိုင်းဒေသကြီး၊ပန်းတောင်းမြို့နယ်၌ ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ရေဝင်ရောက်သည့် နေအိမ်များကို ကူညီရွှေ့ပြောင်းပေး

ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ ဖောင်းကန်ရပ်ကွက်၊ ကြခတ်ရပ်ကွက်နှင့် ထုံးဘိုကျေးရွာအုပ်စုများအတွင်းသို့ ဩဂုတ်လ ၁၅ ရက် (၂၀၂၆ ခုနှစ်) မွန်းလွဲ ၁၂ နာရီ မိနစ...

ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ ဖောင်းကန်ရပ်ကွက်၊ ကြခတ်ရပ်ကွက်နှင့် ထုံးဘိုကျေးရွာအုပ်စုများအတွင်းသို့ ဩဂုတ်လ ၁၅ ရက် (၂၀၂၆ ခုနှစ်) မွန်းလွဲ ၁၂ နာရီ မိနစ် ၅၀ အချိန်ခန့်တွင် ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် နေအိမ်များအတွင်း ရေများ ဝင်ရောက်ခဲ့ကြောင်း သိရသည်။ ထိုသို့ ရေဝင်ရောက်မှုဖြစ်ပွားသဖြင့် ပန်းတောင်းမြို့နယ် မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရေဝင်ရောက်နေသော နေအိမ်များအား ကူညီရွှေ့ပြောင်းပေးရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

news-view-count-icon

16