ပညာရေးဝန်ကြီးဌာနနှင့် လူငယ်ရေးရာဝန်ကြီးဌာနတို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ရန်ကုန်အဝေးသင်တက္ကသိုလ်နှင့် မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်းတို့ ပူးပေါင်းကာ "Job-Ready Skills Workshop for Youth" ခေါင်းစဉ်ဖြင့် နောက်ဆုံးနှစ် ကျောင်းသား/သူများအတွက် လုပ်ငန်းခွင်အကြို ပြင်ဆင်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲကို ဩဂုတ်လ ၁၅ ရက်တွင် ရန်ကုန်အဝေးသင်တက္ကသိုလ်၌ ကျင်းပခဲ့သည်။ အဆိုပါ အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်၊ လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးဗိုလ်ဌေး၊ ရန်ကုန်အဝေးသင်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအိအိဟန်တို့နှင့်အတူ ဆရာ/ဆရာမများ၊ နောက်ဆုံးနှစ် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရန်ကုန်အဝေးသင်တက္ကသိုလ်၌ နောက်ဆုံးနှစ်ကျောင်းသား/သူများအတွက် လုပ်ငန်းခွင်အကြိုပြင်ဆင်နိုင်မည့် ဆွေးနွေးပွဲ ပြုလုပ်
Aug 15 • 12:13 PM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 41 | 0 | 0 | 0 |


