ရန်ကုန်မြို့အတွင်း ဖြစ်ပွားနေသည့် ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် မိုးရာသီ သောက်သုံးရေ သန့်ရှင်းရေးအတွက် မြို့နယ် ၈ ခုရှိ ရေပေးဝေရေးပိုက်လိုင်းကွန်ရက် ၂၁ နေရာတွင် ကလိုရင်းဆေး ထပ်မံခတ်ခြင်း (Chlorine Booster Dosing) လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) ထံမှ သိရသည်။ ရန်ကုန်မြို့ သောက်သုံးရေဖြန့်ဖြူးရေး ရေသန့်စင်စက်ရုံများတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) စံချိန်စံညွှန်းအတိုင်း ကလိုရင်းခတ်ပေးလျက်ရှိပြီး၊ လက်ရှိဖြစ်ပွားနေသည့် ရောဂါကို ထိန်းချုပ်နိုင်ရန် ပိုက်လိုင်းကွန်ရက်အတွင်း ပိုးသတ်နိုင်သည့် ကလိုရင်းကျန်ရှိမှုပမာဏ (Residual Chlorine) သတ်မှတ်ချက်အတိုင်း ရရှိရေးအတွက် ယခုကဲ့သို့ ထပ်မံဖြည့်စွက် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်ရေး ရန်ကုန်မြို့နယ် ၈ ခုရှိ ရေပေးဝေရေးကွန်ရက် ၂၁ နေရာတွင် ကလိုရင်းဆေး ထပ်မံခတ်
Aug 15 • 12:09 PM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 810 | 0 | 0 | 0 |


