back

စစ်ကိုင်းမြို့ပေါ် ရေဘေးသင့်ပြည်သူ ၁၅၀၀ ကျော်အတွက် ကျပ်သိန်း ၃၀၀ တန်ဖိုးရှိ စားနပ်ရိက္ခာနှင့် ထောက်ပံ့ငွေ ကျပ်သိန်း ၁၁၄ ကျော် ပေးအပ်

Aug 15 • 12:06 PM

breaking-news

မြန်မာ

စစ်ကိုင်း

breaking-news
cover

စစ်ကိုင်းမြို့ပေါ် ရေဘေးသင့်ပြည်သူ ၁၅၀၀ ကျော်အတွက် ကျပ်သိန်း ၃၀၀ တန်ဖိုးရှိ စားနပ်ရိက္ခာနှင့် ထောက်ပံ့ငွေ ကျပ်သိန်း ၁၁၄ ကျော် ပေးအပ်

စစ်ကိုင်းမြို့ပေါ် ရပ်ကွက် ၉ ခုရှိ ရေဘေးသင့် အိမ်ထောင်စု ၄၁၂ စု၊ လူဦးရေ ၁,၅၆၉ ဦးအတွက် ကျပ်သိန်း ၃၀၀ တန်ဖိုးရှိ ဆန်၊ ကြက်ဥ၊ ငါးသေတ္တာဘူးများနှင့် ထိခိုက်လွယ်အုပ်...

စစ်ကိုင်းမြို့ပေါ် ရပ်ကွက် ၉ ခုရှိ ရေဘေးသင့် အိမ်ထောင်စု ၄၁၂ စု၊ လူဦးရေ ၁,၅၆၉ ဦးအတွက် ကျပ်သိန်း ၃၀၀ တန်ဖိုးရှိ ဆန်၊ ကြက်ဥ၊ ငါးသေတ္တာဘူးများနှင့် ထိခိုက်လွယ်အုပ်စုများအတွက် ထောက်ပံ့ငွေ ကျပ် ၁၁၄ သိန်းကျော်ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဩဂုတ်လ ၁၄ ရက်နေ့တွင် ပေးအပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ထောက်ပံ့မှုများကို ထုံးဘို၊ တကောင်း၊ သောတာပန်၊ စိန်ကုန်းနှင့် ဧမြဝတီ ရပ်ကွက်များအပါအဝင် ရေဘေးရှောင်စခန်းများ၌ ခေတ္တခိုလှုံနေကြသည့် ရေဘေးသင့် ပြည်သူများထံ သို့ သွားရောက်ထောက်ပံ့ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

news-view-count-icon

32