ရေဘေးသင့်ဒေသများရှိ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရန်အတွက် ကျပ်သိန်း ၃၇၀၀ ကျော် တန်ဖိုးရှိ ဆေးနှင့်ဆေးပစ္စည်းများအပြင် ရေဘေးသင့် ကျန်းမာရေးဝန်ထမ်းများအတွက် အလှူငွေကျပ်သိန်း ၇၁၀ ကို မြန်မာနိုင်ငံ ဆေးဝါးနှင့် ဆေးပစ္စည်းထုတ်လုပ်သူများအသင်းက ကျန်းမာရေးဝန်ကြီးဌာနသို့ လှူဒါန်းခဲ့ကြောင်း သိရသည်။ အဆိုပါ လှူဒါန်းပွဲကို နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ် (၄) ၌ ပြုလုပ်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက အလှူငွေနှင့် ဆေးပစ္စည်းများကို လက်ခံရယူကာ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
Aug 15 • 12:05 PM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 17 | 0 | 0 | 0 |


