back

ဒေါ်အောင်ဆန်းစုကြည်အား ချက်ချင်းနှင့် ခြွင်းချက်မရှိ လွှတ်ပေးရန် တောင်းဆိုမှုအပေါ် ဝါရှင်တန်ရှိ မြန်မာသံရုံး တုံ့ပြန်

Aug 15 • 12:00 PM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ဒေါ်အောင်ဆန်းစုကြည်အား ချက်ချင်းနှင့် ခြွင်းချက်မရှိ လွှတ်ပေးရန် တောင်းဆိုမှုအပေါ် ဝါရှင်တန်ရှိ မြန်မာသံရုံး တုံ့ပြန်

ဒေါ်အောင်ဆန်းစုကြည်အား "ချက်ချင်းနှင့် ခြွင်းချက်မရှိ လွှတ်ပေးရန်" တောင်းဆိုမှုသည် နိုင်ငံတစ်နိုင်ငံ၏ သက်ဆိုင်ရာ တရားစီရင်ရေး လုပ်ငန်းစဉ်နှင့် ဥပဒေစိုးမိုးရေးဆိ...


ဒေါ်အောင်ဆန်းစုကြည်အား "ချက်ချင်းနှင့် ခြွင်းချက်မရှိ လွှတ်ပေးရန်" တောင်းဆိုမှုသည် နိုင်ငံတစ်နိုင်ငံ၏ သက်ဆိုင်ရာ တရားစီရင်ရေး လုပ်ငန်းစဉ်နှင့် ဥပဒေစိုးမိုးရေးဆိုင်ရာ အခြေခံမူများအပေါ် သက်ရောက်မှုရှိစေကြောင်း ဝါရှင်တန်မြို့ရှိ မြန်မာသံရုံးက ဩဂုတ်လ ၁၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။အဆိုပါ တောင်းဆိုမှုမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့အာရှနှင့် ပစိဖိတ်ရေးရာဗျူရို၊ အမေရိကန် အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌတို့က ဒေါ်အောင်ဆန်းစုကြည်နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ဌာနေကိုယ်စားလှယ်တို့ တွေ့ဆုံမှုကို ကြိုဆိုကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်အား ချက်ချင်း လွှတ်ပေးရန် ဩဂုတ်လ ၃ ရက်နေ့တွင် X (ယခင် Twitter) ၌ ရေးသား တောင်းဆိုခဲ့သည့်အပေါ် ပြန်လည် တုံ့ပြန်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

news-view-count-icon

16