back

ဧရာဝတီတိုင်းဒေသကြီး၊လေးမျက်နှာမြို့နယ်၌ ရေဘေးကယ်ဆယ်ရေးယာဉ်များ သွားလာမှု အဆင်ပြေစေရန် လမ်းများ ပြင်ဆင်ပေး

Aug 15 • 11:56 AM

breaking-news

မြန်မာ

ဧရာ၀တီ

cover

ဧရာဝတီတိုင်းဒေသကြီး၊လေးမျက်နှာမြို့နယ်၌ ရေဘေးကယ်ဆယ်ရေးယာဉ်များ သွားလာမှု အဆင်ပြေစေရန် လမ်းများ ပြင်ဆင်ပေး

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်အတွင်း ဖြစ်ပွားလျက်ရှိသည့် ရေကြီးရေလျှံမှုကြောင့် ရေဘေးကယ်ဆယ်ရေးယာဉ်များ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် ဆောက်လုပ်...

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်အတွင်း ဖြစ်ပွားလျက်ရှိသည့် ရေကြီးရေလျှံမှုကြောင့် ရေဘေးကယ်ဆယ်ရေးယာဉ်များ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနမှ လမ်းများ ပြင်ဆင်ပေးလျက်ရှိကြောင်း သိရသည်။အထူးသဖြင့် ရေဘေးကယ်ဆယ်ရေးယာဉ်များ အဓိက သွားလာရာလမ်းကြောင်းများဖြစ်သည့် တလုတ္တော်-လေးမျက်နှာလမ်း၊ ဟင်္သာတ-ဆုံကုန်း-မြန်အောင်လမ်းနှင့် ပဆင-ခြောက်ရွာ-ကျွဲသောင်လမ်းတို့ကို ဟင်္သာတခရိုင် လမ်းဦးစီးဌာနနှင့် ကြီးကြပ်ရေးအဖွဲ့မှ အင်ဂျင်နီယာများနှင့် အလုပ်သမားများက ပြင်ဆင်ပေးနေခြင်းဖြစ်သည်။ ရေကြီးရေလျှံမှုကြောင့် ကားလမ်းများပေါ်တွင် ချိုင့်ခွက်ကြီးများ ဖြစ်ပေါ်ခဲ့ရာ ရေပြန်လည်ကျဆင်းသည့် အချိန်၌ ကျောက်ဖြည့် သဲညှပ်၍ ယာယီလမ်းပေါက် ဖာထေးခြင်း လုပ်ငန်းများကို ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

news-view-count-icon

11