ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS လိုင်းကား ယာဉ်စီးခများကို လာမည့် စက်တင်ဘာလ ၁ ရက်နေ့မှ စတင်၍ ယခင် ၄၀၀ ကျပ်မှ ကျပ် ၆၀၀ အထိ တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTC) ထံမှ သိရသည်။ မြို့တွင်းစီးခ ကျပ် ၂၀၀ ကျသင့်သည့် ခရီးစဉ်များကို ကျပ် ၃၀၀ နှင့် ကျပ် ၄၀၀ ကျသင့်သည့် ခရီးစဉ်များကို ကျပ် ၆၀၀ အဖြစ် ပြောင်းလဲ သတ်မှတ်လိုက်ခြင်းဖြစ်သည်။ YRTC အတွင်းရေးမှူး ဦးလျန်ကျင့်မာန်၏ ပြောကြားချက်အရ ယာဉ်ပြင်ဆင်စရိတ်များ မြင့်မားလာမှုကြောင့် အရှုံးပေါ်ကာ ပြန်လည်မပြင်ဆင်နိုင်သဖြင့် ယခင်က ယာဉ်စီးရေ ၄,၀၀၀ ခန့် ပြေးဆွဲနေရာမှ ယခုအခါ ၃,၂၀၀ ဝန်းကျင်သာ ထွက်ရှိတော့ကြောင်း သိရသည်။ ထို့ကြောင့် ယာဉ်များကို ပုံမှန် ပြန်လည်ပြေးဆွဲနိုင်ရေးနှင့် ပြင်ဆင်စရိတ် ကာမိစေရန်အတွက် ယာဉ်စီးခများကို ပြင်ဆင် တိုးမြှင့်ရခြင်းဖြစ်ကြောင်း သိရသည်။
Aug 15 • 8:45 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 14 | 0 | 0 | 0 |


