မန္တလေး-မိုးကုတ်နှင့် မန္တလေး-မုံရွာ အဝေးပြေးကားလမ်းမကြီးများပေါ်ရှိ အချို့နေရာများတွင် ရေဖုံးလွှမ်းမှုများ ဖြစ်ပေါ်နေခြင်းကြောင့် ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းများ လည်ပတ်ရန် အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း ဒေသခံ ယာဉ်မောင်းများ၏ ပြောကြားချက်အရ သိရသည်။ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းခဲ့မှုကြောင့် အဆိုပါ အဝေးပြေး လမ်းပိုင်းများပေါ်သို့ ရေကြီးနစ်မြုပ်မှုများ စတင်ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး၊ ယာဉ်လိုင်းများအနေဖြင့် သတိပြုမောင်းနှင်နေရကာ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရကြောင်း သိရသည်။



