ရေဘေးသင့်ဒေသများရှိ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် အသုံးပြုနိုင်ရန် ကျပ်သိန်း ၃၇၀၀ ကျော်တန်ဖိုးရှိ ဆေးနှင့်ဆေးပစ္စည်းများနှင့် ရေဘေးသင့်ကျန်းမာရေးဝန်ထမ်းများအတွက် အလှူငွေကျပ်သိန်း ၇၁၀ကို မြန်မာနိုင်ငံဆေးဝါးနှင့် ဆေးပစ္စည်းထုတ်လုပ်သူများအသင်းက ကျန်းမာရေးဝန်ကြီးဌာနသို့ လှူဒါန်းခဲ့ကြောင်း သိရသည်။အဆိုပါ လှူဒါန်းပွဲကို ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ် (၄) အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံဆေးဝါးနှင့် ဆေးပစ္စည်းထုတ်လုပ်သူများအသင်းဥက္ကဋ္ဌနှင့် အလှူရှင်ကုမ္ပဏီများမှ တာဝန်ရှိသူများက ဆေးနှင့်ဆေးပစ္စည်းများ၊ အလှူငွေများကို ပေးအပ်လှူဒါန်းခဲ့ကြသည်။ အလှူရှင်ကုမ္ပဏီများမှ တာဝန်ရှိသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။



