back

တရုတ်မယားအဖြစ် လူကုန်ကူးရောင်းစားခဲ့သူများကို နှစ်ရှည်ထောင်ဒဏ်များ ချမှတ်

Aug 15 • 4:24 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
breaking-news
cover

တရုတ်မယားအဖြစ် လူကုန်ကူးရောင်းစားခဲ့သူများကို နှစ်ရှည်ထောင်ဒဏ်များ ချမှတ်

တရုတ်ဇနီးမယားအဖြစ် အမျိုးသမီးငယ်များကို ပို့ဆောင်ရောင်းစားခဲ့သူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ်နှစ်ရှည်များချမှတ်လိုက်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်...

တရုတ်ဇနီးမယားအဖြစ် အမျိုးသမီးငယ်များကို ပို့ဆောင်ရောင်းစားခဲ့သူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ်နှစ်ရှည်များချမှတ်လိုက်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့ နောင်ဘိုရပ်ကွက်နေ အမျိုးသမီးငယ် ၃ ဦး နှင့် မယ်ဆွမ်(တောင်)ရပ်ကွက် နောင်ဟီးရပ်နေ အမျိုးသမီးငယ် ၁ ဦးတို့အား တစ်ရပ်ကွက်တည်းနေ ဒေါ်ရီရီမြင့်နှင့် မမျိုးသန္တာ ဆိုသူတို့က မိုင်းလားမြို့ ဂိမ်းခုံများတွင် အလုပ်အကိုင်ရမည်၊ တစ်လလျှင် ငွေ ၁၀ သိန်းကျပ်ရမည်ဟု ပြောဆိုစည်းရုံးပြီး မိုင်းလားမြို့မှတစ်ဆင့် တရုတ်နိုင်ငံ ရွှေလီမြို့သို့ပို့ဆောင်၍ တရုတ်ဇနီးမယား အဖြစ် ရောင်းစားခဲ့ကြောင်း စိစစ်သိရှိရသဖြင့် မိုင်းဆတ်မြို့မရဲစခန်းမှ အမှုဖွင့်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ပြီးခဲ့သည့်ဩဂုတ် ၁၁ ရက်တွင် မိုင်းဆတ်ခရိုင်တရားရုံးမှ ဖမ်းမိတရားခံ ဒေါ်ရီရီမြင့်ကို လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့်ထောင်ဒဏ် ၁၂ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး တိမ်းရှောင်တရားခံ မမျိုးသန္တာကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၁၂ အရ ၈၇/၈၈ အတည်ပြုထုတ်ဆင့်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ် လားရှိုးမြို့ ရပ်ကွက်(၁၀) နယ်မြေ(၈)၊ ချယ်ရီလမ်းနေ ရွှေမိနှင့် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နေ မင်းခန့်တို့က မန္တလေးတိုင်းဒေသကြီး မဟာအောင် မြေမြို့နယ်၊ နေပူရပ်ကွက်နေ အမျိုးသမီးတစ်ဦးကို တရုတ်ယောကျ်ားယူရမည်၊ ၆ လ ပေါင်း သင်းရမည်၊ ၆ လ ပေါင်းသင်းပြီးလျှင် ပြန်လာလိုပါက ပြန်လာနိုင်သည်၊ ငွေကျပ်သိန်း ၆၀/၇၀ ရမည်၊ တရုတ် ယောက်ျားယူပြီးပါက မုန့်ဖိုးအဖြစ် တစ်လလျှင် ငွေကျပ် ၁၀/၂၀ သိန်းခန့် ထပ်မံရမည်ဟု ပြောဆို စည်းရုံးပြီး အထူးဒေသ၊ နမ့်တစ်မြို့နေ ဘရဏီ ဆိုသူနှင့် ချိတ်ဆက်၍ တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားရန် ခေါ်ဆောင်လာကြောင်း စိစစ်သိရှိရသည့်အမှု ဖြစ်သည်။ယင်းအမှုကျူးလွန်သူများကို ယမန်နေ့ဩဂုတ် ၁၃ ရက်တွင် လားရှိုး ခရိုင်တရားရုံးမှ ဖမ်းမိတရားခံ ရွှေမိကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/၄၄ အရ အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး တိမ်းရှောင်တရားခံ မင်းခန့်နှင့် ဘရဏီတို့ ၂ ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၁၂ အရ ၈၇/၈၈ အတည်ပြုထုတ်ဆင့်ခဲ့ကြောင်း သိရသည်။


news-view-count-icon

18