back

လီဗာပူးလ်အသင်းရဲ့ ရှယ်ယာ သုံးပုံတစ်ပုံကို ဘီလျံနာ ဘေဇိုးစ် ပါဝင်တဲ့ ရင်းနှီးမြှုပ်နှံမှုအဖွဲ့ ဝယ်ယူ

Aug 15 • 3:49 AM

breaking-news

မြန်မာ

ပြည်ပ

cover

လီဗာပူးလ်အသင်းရဲ့ ရှယ်ယာ သုံးပုံတစ်ပုံကို ဘီလျံနာ ဘေဇိုးစ် ပါဝင်တဲ့ ရင်းနှီးမြှုပ်နှံမှုအဖွဲ့ ဝယ်ယူ

Amazon တည်ထောင်တဲ့ ဂျက်ဖ်ဘေဇိုးစ်ပါဝင်တဲ့ 1892 Holdings ကုမ္ပဏီက လီဗာပူးလ်အသင်းရဲ့ ရှယ်ယာ သုံးပုံတစ်ပုံကို ဝယ်ယူခဲ့တယ်လို့ သိရပါတယ်။လီဗာပူးလ်အသင်းပိုင်ရှင် Fenw...

Amazon တည်ထောင်တဲ့ ဂျက်ဖ်ဘေဇိုးစ်ပါဝင်တဲ့ 1892 Holdings ကုမ္ပဏီက လီဗာပူးလ်အသင်းရဲ့ ရှယ်ယာ သုံးပုံတစ်ပုံကို ဝယ်ယူခဲ့တယ်လို့ သိရပါတယ်။လီဗာပူးလ်အသင်းပိုင်ရှင် Fenway Sports Group (FSG)က 1892 Holdings ကုမ္ပဏီထံ ရှယ်ယာအနည်းငယ်ရောင်းချဖို့ လုံးဝသဘောတူညီမှု ရခဲ့ပြီလို့ ထုတ်ပြန်ခဲ့ပါတယ်။ဒီကုမ္ပဏီအစုအဖွဲ့မှာ ဘေဇိုးစ်အပြင် ဗြိတိန်-အိန္ဒိယ ဘီလျံနာဖြစ်သူ စီးပွားရေးလုပ်ငန်းရှင် အာမစ်ဘာတီယာ၊ Facebook ပူးတွဲတည်ထောင်သူ

ဘီလျံနာ ဆာဗယ်ရင်တို့လည်း ပါဝင်ပါတယ်။

ဘာတီယာဟာ လီဗာပူးလ်အသင်း ဒုဥက္ကဋ္ဌ

ဖြစ်လာနိုင်ပြီး အသင်းဘုတ်အဖွဲ့ထဲ ပါဝင်လာဖို့

များပါတယ်။၎င်းဟာ အိန္ဒိယဘီလျံနာ စီးပွားရေးလုပ်ငန်းရှင် လက်ရှ်မီးမစ်တယ်လ်ရဲ့သားမက်ဖြစ်ပြီး QPR အသင်းမှာ ၁၈ နှစ်ကြာ ပူးတွဲပိုင်ရှင်၊ ဒါရိုက်တာအဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့ကာ ပြီးခဲ့တဲ့လကမှ သူ့ရဲ့ရှယ်ယာတွေကို ရောင်းထုတ်ခဲ့တာဖြစ်တယ်။ဘေဇိုးစ်ကတော့ အားကစားလောကမှာ ပထမဆုံးအကြိမ် ရင်းနှီးမြှုပ်နှံခဲ့တာလည်းဖြစ်ပါတယ်။

news-view-count-icon

11