ပြည်တွင်း၌SKD စနစ်ဖြင့် EV (၂)ဘီး၊ (၃)ဘီးထုတ်လုပ်ခြင်းလုပ်ငန်းအပါအဝင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ်(၁၄)ခုကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုပေးခဲ့ကာ
စက်မှုကဏ္ဍ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် (၂)ခု၊ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ်(၆)ခု၊ ဝန်ဆောင်မှုကဏ္ဍ၌ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ်(၂)ခု၊ လျှပ်စစ်ဓာတ်အားကဏ္ဍ၌ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ်(၃) ခု၊ အိမ်ရာအဆောက်အအုံတည် ဆောက်ဖွံ့ဖြိုးမှုကဏ္ဍ၌ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် (၁)ခုတို့ကိုခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
၎င်းတို့သည် စက်သုံးဆီအရောင်းဆိုင်လုပ်ငန်း၊ တန်ဖိုးနည်းအိမ်ရာ အ ကောင်အထည်ဖော်တည်ဆောက်ရောင်းချငှားရမ်းခြင်းလုပ်ငန်း၊ နေ ရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံတည်ဆောက်၍ လျှပ်စစ်ဓာတ် အားထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း၊ SKD စနစ်ဖြင့် ကုန်တင်မော်တော်ယာဉ်တပ်ဆင်ထုတ်လုပ်ရောင်းချခြင်းလုပ် ငန်း၊ SKD စနစ်ဖြင့် လျှပ်စစ်သုံးနှစ်ဘီး၊ သုံးဘီးမော်တော်ဆိုင်ကယ်များတပ်ဆင်ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း၊ မော်တော်ယာဉ်အမျိုးမျိုးတပ်ဆင်ထုတ်လုပ်ဖြန့်ဖြူးရောင်း ချခြင်းလုပ်ငန်းတို့ကို လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသလို စိုက်ပျိုးရေးလုပ်ငန်းသုံး ထော်လာဂျီယာဉ်အမျိုးမျိုးတပ်ဆင်ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း၊ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်း၊ လူသုံးကုန်လျှပ်စစ်ပစ္စည်းအမျိုးမျိုးထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် ပလတ်စတစ်ပြားနှင့် ပလတ်စတစ်ဘူးခွံအမျိုးမျိုးထုတ်လုပ်ခြင်းလုပ်ငန်း၊ ဖိနပ်အမျိုးမျိုးထုတ်လုပ်ခြင်းလုပ်ငန်းနှင့် စားသောက်ကုန်ထုတ်လုပ်ခြင်းလုပ်ငန်းတို့ကိုလည်းလုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။အဆိုပါ လုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံ မှုပမာဏမှာ အမေရိကန်ဒေါ်လာ(၁၄၀ ဒသမ ၄၇၄)သန်းနှင့် ငွေကျပ် (၁,၁၇၈,၇၃၁ ဒသမ ၉၂၅)သန်းဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းပေါင်း (၃,၃၃၆)ဦးအလုပ်အကိုင်များရရှိမည်ဖြစ်ကြောင်း သိရသည်။



