back

ဧရာဝတီတိုင်း၊လေးမျက်နှာမြို့နယ်၌ ရေဘေးကယ်ဆယ်ရေးယာဉ်များသွားလာမှုအဆင်ပြေစေရန် လမ်းများကိုပြင်ဆင်ပေး

Aug 15 • 3:39 AM

breaking-news

မြန်မာ

ဧရာ၀တီ

breaking-news
breaking-news
cover

ဧရာဝတီတိုင်း၊လေးမျက်နှာမြို့နယ်၌ ရေဘေးကယ်ဆယ်ရေးယာဉ်များသွားလာမှုအဆင်ပြေစေရန် လမ်းများကိုပြင်ဆင်ပေး

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၌ဖြစ်ပွားလျက်ရှိသည့် ရေကြီးရေလျှံမှုဖြစ်စဥ်အတွက် ရေဘေးကယ်ဆယ်ရေးယာဥ်များသွားလာမှုအဆင်ပြေစေရန် ဆောက်လုပ်ရေးဝန်ကြီးဌာနမှပြင် ဆင်ပေး...

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၌ဖြစ်ပွားလျက်ရှိသည့် ရေကြီးရေလျှံမှုဖြစ်စဥ်အတွက် ရေဘေးကယ်ဆယ်ရေးယာဥ်များသွားလာမှုအဆင်ပြေစေရန် ဆောက်လုပ်ရေးဝန်ကြီးဌာနမှပြင် ဆင်ပေးလျက်ရှိကြောင်း သိရသည်။တလုတ္တော်-လေးမျက်နှာလမ်း၊ ဟင်္သာ တ-ဆုံကုန်း-မြန်အောင်လမ်းနှင့် ပဆင -ခြောက်ရွာ-ကျွဲသောင်လမ်းတို့အား ဆောက်လုပ်ရေးဝန်ကြီးဌာန၏ လမ်းဦးစီးဌာနမှ ပြင်ဆင်ပေးလျက်ရှိကြောင်း သိရသည်။ ရေဘေးကယ်ဆယ်ရေးယာဉ်များ အဓိကသွားလာသော ဟင်္သာတ- ဆုံကုန်း-မြန်အောင်လမ်းနှင့် ပဆင- ခြောက်ရွာ-ကျွဲသောင်လမ်းအား လမ်းဦးစီးဌာန၊ ဟင်္သာတခရိုင်နှင့် ကြီးကြပ်ရေးအဖွဲ့တို့မှ အင်ဂျင်နီယာများ၊ အ လုပ်သမားများက ပြင်ဆင်ပေးလျက်ရှိကြောင်း သိရသည်။ရေကြီးရေလျှံမှုကြောင့် ကားလမ်းများပေါ်တွင် ချိုင့်ပေါက်ကြီးများဖြစ်ပေါ်နေသဖြင့် ရေပြန်လည်ကျဆင်းသွားချိန်တွင် ကျောက်ဖြည့်သဲညှပ်၍ ယာယီလမ်းပေါက်ဖာထေးခြင်းများကိုဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။



news-view-count-icon

17