အမေရိကန်ရေတပ်၏ ပစိဖိတ်ဒေသအခြေစိုက် ယူအက်စ်အက်စ် ဂျော့ဝါရှင်တန် လေယာဉ် တင်သင်္ဘောသည်အရှေ့အလယ်ပိုင်းဒေသသို့စတင်ထွက်ခွာသွားပြီဖြစ်ကြောင်းအမေရိကန်ရေတပ်က ဩဂုတ် ၁၃ရက်တွင် သတင်းထုတ်ပြန်ထားသည်။ယူအက်စ်အက်စ်ဂျော့ဝါရှင်တန်လေယာဉ်တင်သင်္ဘောသည် ပြီးခဲ့သည့်သီတင်းပတ်ကပင် ဗီယက်နမ်နိုင်ငံ ဒါနန်းဆိပ်ကမ်းမှ အရှေ့အလယ်ပိုင်းဒေသသို့ စတင်ထွက်ခွာသွားခြင်းဖြစ်ပြီး တိုက်သင်္ဘောတစ်စင်းနှင့် ဖျက်သင်္ဘောတစ်စင်းတို့ ခြံရံလိုက်ပါသွားကြောင်း သိရသည်။အရှေ့အလယ်ပိုင်းဒေသ၌ကာလရှည်တပ်စွဲထားရသောယူအက်စ်အက်စ်အေဘရာဟမ်လင် ကွန်း လေယာဉ်တင်သင်္ဘောပေါ်ရှိတပ်ဖွဲ့ဝင်များအကြား စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာများနှင့် ထောက်ပို့ပြဿနာများ ရှိနေကြောင်း သတင်းများပေါ်ထွက်လာချိန်တွင် အရှေ့အလယ်ပိုင်းသို့ ယူအက်စ်အက်စ်ဂျော့ဝါရှင်တန် လေယာဉ်တင်သင်္ဘောထွက်ခွာသွားခြင်း ဖြစ်သည်။အမေရိကန်အစိုးရ၏အီရန်စစ်ပွဲကိုအထောက်အကူပေးနေသောယူအက်စ်အက်စ်အေဘရာဟမ်လင်ကွန်းလေယာဉ်တင်သင်္ဘောသည်ပင်လယ်ပြင်၌ ရက်ပေါင်း ၂၆၀ကျော်တပ်စွဲထားခဲ့ရသည်။



