back

အာရှချန်ပီယံလိဂ်ခြေစစ်ပွဲအတွက် ဧရာဝတီအမျိုးသမီးအသင်း နည်းပြအဖွဲ့ အားဖြည့်

Aug 15 • 1:42 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

အာရှချန်ပီယံလိဂ်ခြေစစ်ပွဲအတွက် ဧရာဝတီအမျိုးသမီးအသင်း နည်းပြအဖွဲ့ အားဖြည့်

အာရှချန်ပီယံလိဂ် ခြေစစ်ပွဲစဉ်များအတွက် ပြင်ဆင်နေသည့် ဧရာဝတီအမျိုးသမီးအသင်း သည် ISPE အသင်း၏ နည်းပြချုပ် ဒေါ်စန်းစန်းသိန်း နှင့် ဂိုးနည်းပြ ဦးယဉ်မင်းအောင် တို့ကို...

အာရှချန်ပီယံလိဂ် ခြေစစ်ပွဲစဉ်များအတွက် ပြင်ဆင်နေသည့် ဧရာဝတီအမျိုးသမီးအသင်း သည် ISPE အသင်း၏ နည်းပြချုပ် ဒေါ်စန်းစန်းသိန်း နှင့် ဂိုးနည်းပြ ဦးယဉ်မင်းအောင် တို့ကို ကာလတိုအငှားဖြင့် ခေါ်ယူလိုက်ကြောင်း သိရသည်။ဒေါ်စန်းစန်းသိန်းသည် အသင်း၏ နည်းပြ အဖွဲ့တွင် တာဝန်ယူမည်ဖြစ်ပြီး ဦးယဉ်မင်းအောင်က ဂိုးသမားများ၏ လေ့ကျင့်ရေးနှင့် စွမ်းဆောင်ရည်ပိုင်းဆိုင်ရာများကို တာဝန်ယူဆောင်ရွက်မည်ဖြစ်သည်။ ဧရာဝတီအမျိုးသမီးအသင်းအနေဖြင့် အာရှအဆင့်ပြိုင်ပွဲတွင် ယှဉ်ပြိုင်နိုင်ရန် အသင်း၏ ပြင်ဆင်မှုများကို အရှိန်မြှင့်လုပ်ဆောင်နေပြီး နည်းပြအဖွဲ့၏ အတွေ့အကြုံများကလည်း အသင်းအတွက် အရေးပါသည့် အားဖြည့်မှုတစ်ရပ် ဖြစ်လာမည်ဖြစ်သည်။အာရှချန်ပီယံလိဂ် ခြေစစ်ပွဲတွင် မြန်မာအမျိုးသမီးဘောလုံးကိုယ်စားပြု ဧရာဝတီအသင်းအနေဖြင့် အကောင်းဆုံးရလဒ် ရရှိနိုင်ရန် ကြိုးစားသွားမည်ဖြစ်သည်။



news-view-count-icon

22