15.8.2026ရက်တွင်၀၄နာရီ ၅၀ မိနစ်အချိန်ခန့်၊ နေပြည်တော်-ရန်ကုန်အမြန်လမ်းမကြီး၊ ရန်ကုန်ဘက်ခြမ်း၊ မိုင်တိုင်အမှတ်(၅၈/၁-၂)ကြားတွင် ခရီးသည်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းတံတားအား တိုက်မိပြီး တိမ်းမှောက်ရပ်တန့်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် ဘောနီအမြန်လမ်းမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါကျား(၆)ဦး၊ မ(၉)ဦး စုစုပေါင်း (၁၅)ဦးအနက် ကျား(၂)ဦး၊ မ(၂)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)တို့အား 192သူနာတင်ယာဉ်ဖြင့် ပဲခူးပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ပါသည်၊၊



