ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကျေးသီးမြို့နယ်၊ မိုင်းနန်းကျေးရွာအနီးတွင် မော်တော်ယာဉ် ၃ စီးဖြင့် တင်ဆောင်လာသည့် အစားအသောက်နှင့် လူသုံးကုန်ပစ္စည်းများအပါအဝင် အကောက်ခွန်မဲ့ တရားမဝင် ကုန်ပစ္စည်းများကို ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်ကို ကိုးကား၍ မဲခေါင်းသတင်းက ဩဂုတ်လ ၁၄ ရက်တွင် ဖော်ပြခဲ့သည်။ လက်ရှိတွင် ဖမ်းဆီးရမိသော ယာဉ်များနှင့် ကုန်ပစ္စည်းများကို သက်ဆိုင်ရာက ထိန်းသိမ်းထားပြီး ဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ကျေးသီးမြို့နယ်အတွင်း တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများကို စစ်ဆေးရေးဂိတ်များ၌ စစ်ဆေးတင်းကြပ်မှုများ ယခင်ကတည်းက ရှိခဲ့ပြီး ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလအတွင်းကလည်း အခွန်ဆောင်ထားခြင်း မရှိသည့် ကုန်တင်ယာဉ်အချို့ကို ပြန်လှည့်ခိုင်းသည်အထိ စစ်ဆေးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
Aug 14 • 12:44 PM
မြန်မာ
ရှမ်း
မျှဝေမည်
| 13 | 0 | 0 | 0 |


