မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်အတွင်း ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ညောင်လှရပ်ကွက်၊ ကမ်းနားရပ်ရှိ နေအိမ်များအတွင်းသို့ ဩဂုတ်လ ၁၄ ရက် (၂၀၂၆ ခုနှစ်) နံနက် ၈ နာရီခန့်တွင် ရေများ ဝင်ရောက်ခဲ့ကြောင်း သိရသည်။ အဆိုပါ သတင်းရရှိသဖြင့် ရေနံချောင်းမြို့နယ် မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ရေဝင်ရောက်နေသော အိမ်ထောင်စုများအား ရေဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးခဲ့ကြကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး၊ရေနံချောင်းမြို့နယ်၌ ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ရေဝင်ရောက်သည့် အိမ်ထောင်စုများကို ရေဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေး
Aug 14 • 12:41 PM
မြန်မာ
မကွေး
မျှဝေမည်
| 8 | 0 | 0 | 0 |


