ကမ္ဘာ့ရေနံစိမ်းတစ်စည်လျှင် ဒေါ်လာ ၈၁ ဝန်းကျင် ရှိနေချိန်တွင် ပြည်တွင်းစက်သုံးဆီဈေးမှာ ယခင်တစ်ပတ်ထက် တစ်လီတာလျှင် ကျပ် ၁၈၀ ဝန်းကျင် ပြန်လည်ကျဆင်းလာကြောင်း ဩဂုတ်လ ၁၄ ရက်နေ့ ဈေးကွက်အတွင်းမှ သိရသည်။ စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ၏ ဩဂုတ်လ ၁၄ ရက်နေ့ ထုတ်ပြန်ချက်အရ ဩဂုတ်လ ၂၀ ရက်အထိ ရန်ကုန်မြို့၏ စက်သုံးဆီ ရည်ညွှန်းဈေးများမှာ ဓာတ်ဆီ 92 Ron တစ်လီတာလျှင် ၃,၆၅၀ ကျပ်၊ ဓာတ်ဆီ 95 Ron တစ်လီတာလျှင် ၃,၇၇၀ ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၄,၀၂၀ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာလျှင် ၄,၈၇၀ ကျပ်တို့ ဖြစ်သည်။ ယခုတစ်ပတ် ဈေးနှုန်းသည် ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက ဓာတ်ဆီ 92 Ron ၁၉၀ ကျပ်၊ ဓာတ်ဆီ 95 Ron ၁၈၀ ကျပ်၊ ဒီဇယ် ၁၃၅ ကျပ်နှင့် ပရီမီယံဒီဇယ် ၁၈၀ ကျပ်အသီးသီး ကျဆင်းသွားခြင်းဖြစ်ကြောင်း သိရသည်။
Aug 14 • 12:37 PM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 8 | 0 | 0 | 0 |


