ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၁၁၅ မိုင်ရှိ DENKO ဖြူး ဆီဆိုင်တွင် ရွှေထည်ပစ္စည်းများ ပါဝင်သည့် ရွှေထုပ်တစ်ထုပ် ကောက်ရထားကြောင်း ဆီဆိုင်ဘက်က ဩဂုတ်လ ၁၄ ရက်နေ့တွင် အသိပေး ထုတ်ပြန်ခဲ့သည်။ ကောက်ရထားသည့် ရွှေထုပ်နှင့် ပတ်သက်၍ ပိုင်ရှင်ဖြစ်သူအနေဖြင့် DENKO ဖြူး (အမြန်လမ်း ၁၁၅ မိုင်) ဆိုင်ခွဲသို့ လာရောက် ဆက်သွယ်နိုင်ကြောင်း အသိပေးထားသော်လည်း ပါဝင်သည့် ရွှေထည်အမျိုးအစား၊ အရေအတွက်နှင့် တန်ဖိုး စသည့် အသေးစိတ် အချက်အလက်များကိုမူ ထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်း မရှိသေးကြောင်း သိရသည်။
Aug 14 • 12:34 PM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 9 | 0 | 0 | 0 |


