ဘဏ်များအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (MSME) များသို့ ၎င်းတို့၏ ကိုယ်ပိုင်ငွေကြေး ရန်ပုံငွေဖြင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဆောင်ရွက်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦးက ပြောကြားခဲ့သည်။ ဩဂုတ်လ ၁၃ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၌ ကျင်းပသည့် ဘဏ်များ၏ ငွေကြေးရန်ပုံငွေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုနှင့် MSME လုပ်ငန်းများသို့ ရင်းနှီးမြှုပ်နှံမှု ပိုမိုဆောင်ရွက်နိုင်ရေးဆိုင်ရာ အစည်းအဝေးတွင် ဗဟိုဘဏ်ဥက္ကဋ္ဌက ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဘဏ်များ၏ ကိုယ်ပိုင်ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေး၊ စက်မှုနှင့် MSME လုပ်ငန်းများသို့ ရင်းနှီးမြှုပ်နှံမှု ပိုမိုတိုးမြှင့်မည်
Aug 14 • 12:31 PM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 16 | 0 | 0 | 0 |


