back

ဆီးချို၊ HIV၊ ကင်ဆာအပါအဝင် ဆေးဝါးအမယ်သစ် ၆ မျိုး သုတေသနစမ်းသပ်အောင်မြင်၊ ပြည်တွင်းဆေးဝါးစက်ရုံများသို့ နည်းပညာလွှဲပြောင်း

Aug 14 • 12:30 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

ဆီးချို၊ HIV၊ ကင်ဆာအပါအဝင် ဆေးဝါးအမယ်သစ် ၆ မျိုး သုတေသနစမ်းသပ်အောင်မြင်၊ ပြည်တွင်းဆေးဝါးစက်ရုံများသို့ နည်းပညာလွှဲပြောင်း

ဆီးချို၊ HIV၊ အရိုးအကြောအဆစ်နှင့် ကင်ဆာရောဂါ ကုသဆေးများ အပါအဝင် ဆေးဝါးအမယ်သစ် ၆ မျိုးကို သုတေသနပြု စမ်းသပ်အောင်မြင်ခဲ့သည့် ပညာရှင်များအား ဂုဏ်ပြုသည့် အခမ်းအနားက...

ဆီးချို၊ HIV၊ အရိုးအကြောအဆစ်နှင့် ကင်ဆာရောဂါ ကုသဆေးများ အပါအဝင် ဆေးဝါးအမယ်သစ် ၆ မျိုးကို သုတေသနပြု စမ်းသပ်အောင်မြင်ခဲ့သည့် ပညာရှင်များအား ဂုဏ်ပြုသည့် အခမ်းအနားကို ဩဂုတ်လ ၁၃ ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့ကြောင်း သိရသည်။ စမ်းသပ်အောင်မြင်ခဲ့သည့် ဆေးဝါးများမှာ ဆီးချိုရောဂါကုသဆေး ၂ မျိုး၊ HIV ရောဂါကုသဆေး ၁ မျိုး၊ အရိုးအကြောအဆစ်ရောဂါကုသဆေး ၁ မျိုး၊ ကင်ဆာရောဂါကုသဆေး ၁ မျိုးနှင့် မေ့ဆေး ၁ မျိုး စုစုပေါင်း ၆ မျိုးဖြစ်သည်။ အဆိုပါ ဆေးဝါးများသည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ၏ ခွင့်ပြုချက် ရရှိထားပြီး ပြည်တွင်း ဆေးဝါးစက်ရုံများသို့ နည်းပညာ လွှဲပြောင်းပေးနိုင်ခဲ့သည့်အတွက် ပြည်တွင်း ဆေးဝါးထုတ်လုပ်မှုကို အားကောင်းစေကာ ပြည်ပမှ ဆေးဝါးတင်သွင်း မှီခိုနေရမှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

16