back

မန္တလေးတိုင်းဒေသကြီး၊အမရပူရ ရေဘေးသင့်ပြည်သူ ၉၅၀ အတွက် စားနပ်ရိက္ခာထောက်ပံ့၊ ရေကြီးမှုနောက်ဆက်တွဲ ရောဂါအန္တရာယ် အထူးသတိပြုရန် တိုက်တွန်း

Aug 14 • 12:23 PM

breaking-news

မြန်မာ

မန္တလေး

cover

မန္တလေးတိုင်းဒေသကြီး၊အမရပူရ ရေဘေးသင့်ပြည်သူ ၉၅၀ အတွက် စားနပ်ရိက္ခာထောက်ပံ့၊ ရေကြီးမှုနောက်ဆက်တွဲ ရောဂါအန္တရာယ် အထူးသတိပြုရန် တိုက်တွန်း

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ တလင်းကြီးကျေးရွာအုပ်စု၊ ဝဲကြီးဆင်ရွာကျေးရွာရှိ ယာယီရေဘေးရှောင်စခန်းမှ ရေဘေးသင့်အိမ်ထောင်စု ၂၉၅ စု (လူဦးရေ ၉၅၀) အတွက် ငွေကျ...

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ တလင်းကြီးကျေးရွာအုပ်စု၊ ဝဲကြီးဆင်ရွာကျေးရွာရှိ ယာယီရေဘေးရှောင်စခန်းမှ ရေဘေးသင့်အိမ်ထောင်စု ၂၉၅ စု (လူဦးရေ ၉၅၀) အတွက် ငွေကျပ် ၇၈ သိန်းတန်ဖိုးရှိ တစ်ပတ်စာ ဆန်ရိက္ခာဖိုးငွေနှင့် အခြေခံစားသောက်ကုန်များကို ဩဂုတ်လ ၁၄ ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် တိုင်းဒေသကြီး ဝန်ကြီးများနှင့်အတူ အဆိုပါ စခန်းသို့ သွားရောက်ကာ ရေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံ၍ ဆန်ရိက္ခာဖိုးငွေ၊ ခေါက်ဆွဲခြောက်၊ ငါးသေတ္တာနှင့် ကြက်ဥများ ထောက်ပံ့ပေးခဲ့သည့်အပြင် ရေကြီးမှုနောက်ဆက်တွဲ ဖြစ်ပွားတတ်သည့် ရောဂါအန္တရာယ်များကိုလည်း အထူးသတိပြုကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။

news-view-count-icon

9