ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့နှင့် ကျောင်းကုန်းမြို့နယ်တို့ရှိ မြစ်၊ ချောင်းများအတွင်း စုပုံပိတ်ဆို့နေသော ဗေဒါပင်များကို ဩဂုတ်လ ၁၃ ရက်နေ့တွင် ဖယ်ရှားရှင်းလင်းခဲ့ကြကြောင်း သိရသည်။ လေးမျက်နှာမြို့နယ်ဘက်မှ စီးဝင်လာသော ရေများ အဟန့်အတားမရှိ လွယ်ကူစွာ စီးဆင်းလျော့ကျစေရန်၊ ရေလမ်းကြောင်း ပိတ်ဆို့မှုမရှိဘဲ ရေစီးရေလာ ကောင်းမွန်စေရန်နှင့် ဒေသခံများ ရေလမ်းခရီး သွားလာရေး လွယ်ကူချောမွေ့စေရန် ရည်ရွယ်၍ ဖယ်ရှားရှင်းလင်းခြင်းဖြစ်သည်။ အဆိုပါ ဗေဒါပင်များကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ ပူးပေါင်းကာ လူအင်အား၊ စက်ယန္တရားများဖြင့် အရှိန်အဟုန်မြှင့် ဖယ်ရှားရှင်းလင်းပေးခဲ့ကြကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ရေကြည်၊ ငါးသိုင်းချောင်းနှင့် ကျောင်းကုန်းမြို့နယ်တို့ရှိ မြစ်၊ ချောင်းများအတွင်း စုပုံပိတ်ဆို့နေသည့် ဗေဒါပင်များကို ရှင်းလင်း
Aug 14 • 12:19 PM
မြန်မာ
ဧရာ၀တီ
မျှဝေမည်
| 10 | 0 | 0 | 0 |


