back

ရန်ကုန်စီးတီးအသင်း ထိုင်းလိဂ်-၃ ကလပ် VRN Muangnont နှင့် ခြေစမ်းပွဲယှဉ်ပြိုင်

Aug 14 • 12:15 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

ရန်ကုန်စီးတီးအသင်း ထိုင်းလိဂ်-၃ ကလပ် VRN Muangnont နှင့် ခြေစမ်းပွဲယှဉ်ပြိုင်

မြန်မာလိဂ် ဘောလုံးရာသီသစ်အတွက် ထိုင်းနိုင်ငံ၌ ကြိုတင်လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်နေသည့် ရန်ကုန်စီးတီးအသင်းသည် ထိုင်းလိဂ်-၃ ကလပ် VRN Muangnont အသင်းနှင့် သတ္တမ...

မြန်မာလိဂ် ဘောလုံးရာသီသစ်အတွက် ထိုင်းနိုင်ငံ၌ ကြိုတင်လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်နေသည့် ရန်ကုန်စီးတီးအသင်းသည် ထိုင်းလိဂ်-၃ ကလပ် VRN Muangnont အသင်းနှင့် သတ္တမမြောက် ခြေစမ်းပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြောင်း ဩဂုတ်လ ၁၄ ရက်တွင် သိရသည်။ အဆိုပါ ခြေစမ်းပွဲကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး နှစ်သင်းအကြား သဘောတူညီချက်အရ မိနစ် ၃၀ စီဖြင့် ၄ ပိုင်းခွဲကာ စုစုပေါင်း မိနစ် ၁၂၀ ကြာ ယှဉ်ပြိုင်ခဲ့ကြသည်။ ထိုသို့ ယှဉ်ပြိုင်ရာတွင် ရန်ကုန်စီးတီးအသင်းက ၂ ပိုင်း အနိုင်ရရှိကာ ၁ ပိုင်း သရေကျခဲ့ပြီး VRN Muangnont အသင်းက ၁ ပိုင်း အနိုင်ရရှိခဲ့သည်။ ရန်ကုန်စီးတီးအသင်းသည် မြန်မာလိဂ် ရာသီသစ်အတွက် အသင်းအင်အား တည်ဆောက်ရန်နှင့် ကစားသမားများ ကြံ့ခိုင်မှု ပိုမိုကောင်းမွန်စေရန် ရည်ရွယ်၍ ထိုင်းနိုင်ငံ၌ ၁ လကြာ လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

news-view-count-icon

12