back

မြန်မာနေရှင်နယ်လိဂ်တွင် VAR စနစ် အသုံးပြုနိုင်ရေး FIFA၊ AFC တို့နှင့် ချိတ်ဆက်ဆောင်ရွက်နေ

Aug 14 • 12:13 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

မြန်မာနေရှင်နယ်လိဂ်တွင် VAR စနစ် အသုံးပြုနိုင်ရေး FIFA၊ AFC တို့နှင့် ချိတ်ဆက်ဆောင်ရွက်နေ

၂၀၂၆-၂၇ ရာသီ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲတွင် Video Assistant Referee (VAR) စနစ် အကောင်အထည်ဖော် အသုံးပြုနိုင်ရေးအတွက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) နှင့် အာရှဘ...

၂၀၂၆-၂၇ ရာသီ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲတွင် Video Assistant Referee (VAR) စနစ် အကောင်အထည်ဖော် အသုံးပြုနိုင်ရေးအတွက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) နှင့် အာရှဘောလုံးအဖွဲ့ချုပ် (AFC) တို့နှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း လိဂ်အကြိုအစည်းအဝေးမှ သိရသည်။ ယခုရာသီတွင် အသင်း ၁၂ သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ပထမအကျော့ပွဲစဉ်များကို ဩဂုတ်လ ၂၈ ရက်မှ ဒီဇင်ဘာလ ၂၁ ရက်အထိလည်းကောင်း၊ ဒုတိယအကျော့ပွဲစဉ်များကို ၂၀၂၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ မတ်လ ၁၄ ရက်အထိလည်းကောင်း ကျင်းပသွားမည်ဖြစ်သည်။ ထို့ပြင် ရာသီကြိုဖွင့်ပွဲ ပွဲစဉ်ဖြစ်သည့် MFF Charity Shield 2026 ပြိုင်ပွဲကို လာမည့် ဩဂုတ်လ ၂၅ ရက် ညနေ ၅ နာရီတွင် ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားကွင်း၌ ကျင်းပမည်ဖြစ်ကာ မြန်မာနေရှင်နယ်လိဂ်ချန်ပီယံ ရှမ်းယူနိုက်တက်အသင်းနှင့် League Cup ချန်ပီယံ ရန်ကုန်ယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

11