back

မုန်တိုင်းငယ် မြန်မာနိုင်ငံဘက် ဦးတည်ရွှေ့လျားမည့် အခြေအနေမရှိသဖြင့် အဝါရောင်အဆင့် သတ်မှတ်

Aug 14 • 12:11 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

မုန်တိုင်းငယ် မြန်မာနိုင်ငံဘက် ဦးတည်ရွှေ့လျားမည့် အခြေအနေမရှိသဖြင့် အဝါရောင်အဆင့် သတ်မှတ်

ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် ဆက်စပ်နယ်မြေများတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွှေ့လျားမည့် အခြေအနေမရှိသည့်အတွက် အဝါရ...

ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် ဆက်စပ်နယ်မြေများတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွှေ့လျားမည့် အခြေအနေမရှိသည့်အတွက် အဝါရောင်အဆင့်အဖြစ် သတ်မှတ်ထားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဩဂုတ်လ ၁၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။ မိုးဇလ၏ မွန်းလွဲ ၁ နာရီ တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်း၊ အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ် ကမ်းရိုးတန်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် အားကောင်းသော လေဖိအားနည်းရပ်ဝန်းသည် အနောက်မြောက်ဘက်သို့ ရွှေ့လျားကာ ပိုမိုအားကောင်းလာပြီး မုန်တိုင်းငယ် (Depression) အဖြစ်သို့ ပြောင်းလဲရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

news-view-count-icon

18