back

အီရန်ကို စီးပွားရေးအရ လုံးဝသီးခြားဖြစ်သွားစေမည့် မကြုံစဖူး နည်းလမ်းသစ်များ အမေရိကန် ထုတ်ပြန်ရန် ပြင်ဆင်နေ

Aug 14 • 12:10 PM

breaking-news

မြန်မာ

ပြည်ပ

cover

အီရန်ကို စီးပွားရေးအရ လုံးဝသီးခြားဖြစ်သွားစေမည့် မကြုံစဖူး နည်းလမ်းသစ်များ အမေရိကန် ထုတ်ပြန်ရန် ပြင်ဆင်နေ

အမေရိကန်အစိုးရသည် အီရန်နိုင်ငံအား စီးပွားရေးအရ လုံးဝသီးခြားဖြစ်သွားစေမည့် မကြုံစဖူး ထူးခြားဆန်းသစ်သော နည်းလမ်းသစ်များကို လာမည့်သီတင်းပတ်အတွင်း ထုတ်ပြန်ကြေညာရန် ...

အမေရိကန်အစိုးရသည် အီရန်နိုင်ငံအား စီးပွားရေးအရ လုံးဝသီးခြားဖြစ်သွားစေမည့် မကြုံစဖူး ထူးခြားဆန်းသစ်သော နည်းလမ်းသစ်များကို လာမည့်သီတင်းပတ်အတွင်း ထုတ်ပြန်ကြေညာရန် ပြင်ဆင်နေကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Scott Bessent က ပြောကြားခဲ့သည်။ Newsmax သတင်းဌာနနှင့် အင်တာဗျူးတွင် ၎င်းက စစ်ရေးလှုပ်ရှားမှု (Epic Fury) အဆင့်မှ စီးပွားရေးအရ အပြင်းအထန် ဖိအားပေးသည့် အဆင့်သို့ ကူးပြောင်းခဲ့ပြီး သမ္မတ၏ အမိန့်အရ ယင်းထက်ပိုမိုပြင်းထန်သော အဆင့်သို့ တိုးမြှင့်လိုက်ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။ အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ပြောဆိုခြင်း မရှိသော်လည်း အဆိုပါ နည်းလမ်းသစ်များကို အမေရိကန်၏ အီရန်ရေကြောင်း ပိတ်ဆို့မှုများနှင့် ပူးတွဲ၍ စီးပွားရေး ပိတ်ဆို့သီးခြားခွဲထုတ်မှု သမိုင်းတွင် မရှိခဲ့ဖူးသည့် နည်းလမ်းများဖြင့် ကျင့်သုံးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

7