မြန်မာ့ရိုးရာအစားအစာများကို ထိန်းသိမ်းမြှင့်တင်ရန်နှင့် နိုင်ငံတကာအဆင့် ဧည့်ခင်းဧည့်ခံမှု ပညာရပ်များနှင့် ပေါင်းစပ်၍ ပြည်တွင်း၊ ပြည်ပဧည့်သည်များထံ ပိုမိုကျယ်ပြန့်စွာ မိတ်ဆက်နိုင်ရန် ရည်ရွယ်ကာ “မြန်မာ့ရိုးရာအစားအစာပြိုင်ပွဲနှင့် ပြပွဲ 2026 (မန္တလေး)” ကို ဩဂုတ်လ ၂၂ ရက်မှ ၂၃ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပြပွဲကို မန္တလေးမြို့ရှိ မြန်မာကွန်ဗင်းရှင်းစင်တာ (MCC) ခန်းမ၌ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ယဉ်ကျေးမှုဝန်ကြီးဌာနတို့၏ ကြီးမှူးမှုဖြင့် မြန်မာနိုင်ငံ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း (မန္တလေးဇုန်) က ဦးစီးကျင်းပမည်ဖြစ်သည်။ ပြပွဲတွင် ပြခန်းပေါင်း ၁၃၅ ခန်း ပါဝင်မည်ဖြစ်ပြီး မြန်မာနိုင်ငံ ဒေသအသီးသီးမှ ထူးခြားသည့် ရိုးရာအစားအစာများအပြင် တရုတ်အစားအစာအချို့ကိုလည်း ထည့်သွင်းပြသရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
Aug 14 • 12:09 PM
မြန်မာ
မန္တလေး
မျှဝေမည်
| 15 | 0 | 0 | 0 |


