ဧရာဝတီအက်ဖ်စီအသင်းသည် လာမည့် AFC Women’s Champions League (အာရှချန်ပီယံလိဂ်) ပြိုင်ပွဲအတွက် အသင်းအင်အား ဖြည့်တင်းသည့်အနေဖြင့် အမေရိကန်တောင်ပံကစားသမား McKenna Akimi Davidson ကို ခေါ်ယူလိုက်ပြီဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ကြေညာခဲ့သည်။ McKenna Davidson သည် ဥရောပအမျိုးသမီးချန်ပီယံလိဂ် (UEFA Women’s Champions League) အပါအဝင် ဥရောပနှင့် အာရှကလပ်များတွင် ပါဝင်ကစားခဲ့ဖူးသည့် နိုင်ငံတကာအတွေ့အကြုံရင့် ကစားသမားတစ်ဦးဖြစ်သည်။ ၎င်းသည် တောင်ပံတိုက်စစ်ရော ခံစစ်ပါ ကစားနိုင်သည့် ကစားသမားတစ်ဦးဖြစ်သဖြင့် ဧရာဝတီအက်ဖ်စီ၏ အသင်းကစားဟန်ကို ပိုမိုအားကောင်းစေမည်ဟု ယုံကြည်ထားကြပြီး၊ အသင်းအနေဖြင့်လည်း အာရှချန်ပီယံလိဂ်ပြိုင်ပွဲအတွက် အင်အားဖြည့်တင်းမှုများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Aug 14 • 12:07 PM
မြန်မာ
ပြည်ပ
မျှဝေမည်
| 9 | 0 | 0 | 0 |


