တောင်ပြုံးပွဲတော်သို့ သွားရောက်မည့် ဘုရားဖူးများနှင့် ပွဲတော်လာပြည်သူများ သွားလာရေး လွယ်ကူအဆင်ပြေစေရန် မန္တလေးမြို့၊ သူရဲဈေးဘူတာမှ တောင်ပြုံးဘူတာသို့ အထူးရထားခရီးစဉ်များကို ဩဂုတ်လ ၁၉ ရက်မှ စက်တင်ဘာလ ၁ ရက်အထိ နေ့စဉ် အသွားအပြန် ၂ ခေါက် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ ထုတ်ပြန်ခဲ့သည်။ အဆိုပါ အထူးရထားခရီးစဉ်အတွက် ရထားလက်မှတ်ခကို ခရီးသည်တစ်ဦးလျှင် ကျပ် ၁,၀၀၀ သတ်မှတ်ထားသည်။ နံနက်ပိုင်းခရီးစဉ်အနေဖြင့် သူရဲဈေးဘူတာမှ နံနက် ၇ နာရီတွင် စတင်ထွက်ခွာ၍ တောင်ပြုံးဘူတာသို့ နံနက် ၇ နာရီ ၄၅ မိနစ်တွင် ရောက်ရှိမည်ဖြစ်ပြီး၊ အပြန်ခရီးစဉ်ကို တောင်ပြုံးဘူတာမှ နံနက် ၉ နာရီတွင် ထွက်ခွာကာ သူရဲဈေးဘူတာသို့ နံနက် ၉ နာရီ ၄၅ မိနစ်တွင် ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။
Aug 14 • 12:06 PM
မြန်မာ
မန္တလေး
မျှဝေမည်
| 7 | 0 | 0 | 0 |


