back

Myanmar Women’s League ဒုတိယအကျော့အတွက် ကစားသမား အပြောင်းအရွှေ့ကာလ သတ်မှတ်

Aug 14 • 12:05 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

Myanmar Women’s League ဒုတိယအကျော့အတွက် ကစားသမား အပြောင်းအရွှေ့ကာလ သတ်မှတ်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) နှင့် မြန်မာနေရှင်နယ်လိဂ်ကော်မတီတို့ ကြီးမှူးကျင်းပသည့် Myanmar Women’s League 2026-27 အမှတ်ပေးဘောလုံးပြိုင်ပွဲ ဒုတိယအကျော့...

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) နှင့် မြန်မာနေရှင်နယ်လိဂ်ကော်မတီတို့ ကြီးမှူးကျင်းပသည့် Myanmar Women’s League 2026-27 အမှတ်ပေးဘောလုံးပြိုင်ပွဲ ဒုတိယအကျော့ကို လာမည့် အောက်တိုဘာလ ၁၉ ရက်မှ ၂၀၂၇ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း ဩဂုတ်လ ၁၄ ရက်တွင် သိရသည်။ ပြိုင်ပွဲဝင်အသင်းများအနေဖြင့် ဒုတိယအကျော့ မစတင်မီ အသင်းအင်အား ဖြည့်တင်းနိုင်ရန်အတွက် ကစားသမားသစ် ခေါ်ယူခြင်း၊ အပြောင်းအရွှေ့ ပြုလုပ်ခြင်းနှင့် စာချုပ်သက်တမ်းတိုးခြင်းများ ဆောင်ရွက်နိုင်မည့် 2nd Round Player Transfer Window Period ကို ဩဂုတ်လ ၁၁ ရက်မှ အောက်တိုဘာလ ၁၆ ရက်အထိ သတ်မှတ်ပေးထားသည်။ ထို့ကြောင့် ပြိုင်ပွဲဝင်အသင်းများအနေဖြင့် သတ်မှတ်ကာလအတွင်း ကစားသမား စာချုပ်ဆိုင်ရာ ကိစ္စရပ်များကို အချိန်မီ ဆောင်ရွက်သွားနိုင်မည်ဖြစ်ပြီး ဒုတိယအကျော့တွင် အသင်းများ၏ လူစာရင်း ပြောင်းလဲဖြည့်တင်းမှုများနှင့်အတူ ပြိုင်ပွဲမှာ ပိုမို အကြိတ်အနယ် ရှိလာမည်ဖြစ်သည်။

news-view-count-icon

15