back

ဧရာဝတီတိုင်းဒေသကြီး၊လေးမျက်နှာမြို့နယ် ငဝန်တာတမံ ပြုပြင်ရေးတွင် Sheet Pile သံချောင်း ၇၂ ချောင်း ရိုက်သွင်းပြီးစီး

Aug 14 • 12:04 PM

breaking-news

မြန်မာ

ဧရာ၀တီ

cover

ဧရာဝတီတိုင်းဒေသကြီး၊လေးမျက်နှာမြို့နယ် ငဝန်တာတမံ ပြုပြင်ရေးတွင် Sheet Pile သံချောင်း ၇၂ ချောင်း ရိုက်သွင်းပြီးစီး

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာတမံ နိမ့်ကျ၍ ရေကျော်စီးဝင်ခဲ့သည့် နေရာအား ဆောက်လုပ်ရေးဝန်ကြီးဌာနမှ စီမံကြီးကြပ်ကာ Sheet Pile (သံပြားစိစပ်) ရိုက...

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာတမံ နိမ့်ကျ၍ ရေကျော်စီးဝင်ခဲ့သည့် နေရာအား ဆောက်လုပ်ရေးဝန်ကြီးဌာနမှ စီမံကြီးကြပ်ကာ Sheet Pile (သံပြားစိစပ်) ရိုက်၍ ကာရံခြင်းလုပ်ငန်းများကို အချိန်တိုအတွင်း ပြီးစီးနိုင်ရေးအတွက် လူအင်အား၊ စက်ယန္တရားများဖြင့် နေ့ညမပြတ် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထိုသို့ စာချုပ်ပါ Sheet Pile ရိုက်သွင်းရာ၌ စုစုပေါင်း ရိုက်ရမည့် သံချောင်းအရေအတွက် ၂၈၆ ချောင်းအနက် ဩဂုတ်လ ၁၂ ရက်အထိ ၇၂ ချောင်း ရိုက်သွင်းပြီးစီးခဲ့ပြီး လက်ရှိတွင် ကျန်ရှိသည့် Sheet Pile မီတာများ ဆက်လက်ရိုက်သွင်းခြင်းနှင့် ဆက်ကြောင်းပြုလုပ်ခြင်း လုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

news-view-count-icon

9