လျှပ်စစ်မီတာအသစ်များကို အွန်လိုင်း (Website) မှတစ်ဆင့် လျှောက်ထားရာတွင် အိမ်သုံးမီတာအတွက် ကျပ် နှစ်သိန်းခွဲ ပေးသွင်းရမည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက အသိပေးကြေညာခဲ့သည်။ လျှောက်ထားသူများအနေဖြင့် လျှပ်စစ်မီတာများကို လျင်မြန်စွာ ရရှိစေရန်၊ ပွဲစားနှင့် ဝန်ထမ်းများ၏ မသမာပါဝင်မှုများ ကင်းဝေး၍ အချိန်နှင့် စရိတ်စက သက်သာစေရန် ရည်ရွယ်ကာ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်နေ့မှစ၍ Website မှတစ်ဆင့် ရုံးချုပ်သို့ တိုက်ရိုက်လျှောက်ထားနိုင်မည်ဖြစ်သည်။ သတ်မှတ်နှုန်းထားများမှာ အိမ်သုံးမီတာအတွက် ကျပ် နှစ်သိန်းခွဲ၊ အိမ်သုံးပါဝါမီတာ (10 KW) အတွက် ကျပ် ၁၀ သိန်း၊ အိမ်သုံးပါဝါ (20 KW) အတွက် ကျပ် ၁၂ သိန်း ၃ သောင်း၊ အိမ်သုံးပါဝါ (30 KW) အတွက် ကျပ် ၁၄ သိန်း ၆ သောင်းအပြင် စက်မှုသုံးပါဝါမီတာ အမျိုးအစားအလိုက် ကျပ် ၁၀ သိန်း ၇ သောင်းကျော်မှ ၁၆ သိန်း ၈ သောင်းကျော်အထိ အသီးသီး သတ်မှတ်ထားသည်။ ဝန်ကြီးဌာနအနေဖြင့် မြို့နယ်အသီးသီးတွင် မီတာများ လုံလောက်စွာ ပြင်ဆင်ထားပြီး လျှောက်ထားသူများကို အချိန်တိုအတွင်း တပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အိမ်သုံးမီတာအသစ် လျှောက်ထားပါက ကျပ် နှစ်သိန်းခွဲ ပေးသွင်းရမည်ဖြစ်ပြီး အွန်လိုင်းမှတစ်ဆင့် စတင်လျှောက်ထားနိုင်ပြီ
Aug 14 • 11:57 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 17 | 0 | 0 | 0 |


