ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်မှ ပြန်လာသည့် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့နေ အသက် ၅၉ နှစ်အရွယ် အမျိုးသမီးတစ်ဦးထံတွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါပိုး (Cholera Test Kit Positive) တွေ့ရှိခဲ့ကြောင်း ဩဂုတ်လ ၁၄ ရက်တွင် သိရသည်။ အဆိုပါ အမျိုးသမီးသည် မကြာခဏ ဝမ်းသွားသဖြင့် ဩဂုတ်လ ၁၃ ရက် ညပိုင်းတွင် ကျိုက္ခမီတိုက်နယ်ဆေးရုံသို့ သွားရောက်ပြသစဉ် စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ပြီး၊ ၎င်းသည် ဩဂုတ်လ ၉ ရက်နေ့က ရန်ကုန် လမ်းမတော်မြို့နယ် သရက်တောကျောင်းတိုက်မှ တူမဖြစ်သူနှင့်အတူ ပြန်လာခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် ရောဂါပိုးတွေ့ရှိသူအား ကျိုက္ခမီတိုက်နယ်ဆေးရုံ၌ ဆေးကုသမှုပေးလျက်ရှိပြီး၊ ၎င်းနှင့် ထိတွေ့ခဲ့သူ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၇ ဦး (စုစုပေါင်း ၉ ဦး) ကိုလည်း ကျန်းမာရေးဌာနက အဆိုပါ ဆေးရုံ၌ပင် Quarantine ထားရှိ၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်မှ ပြန်လာသည့် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့နေ အသက် ၅၉ နှစ်အရွယ် အမျိုးသမီးတစ်ဦးထံတွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါပိုး (Cholera Test Kit Positive) တွေ့ရှိခဲ့ကြောင်း ဩဂုတ်လ ၁၄ ရက်တွင် သိရသည်။ အဆိုပါ အမျိုးသမီးသည် မကြာခဏ ဝမ်းသွားသဖြင့် ဩဂုတ်လ ၁၃ ရက် ညပိုင်းတွင် ကျိုက္ခမီတိုက်နယ်ဆေးရုံသို့ သွားရောက်ပြသစဉ် စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ပြီး၊ ၎င်းသည် ဩဂုတ်လ ၉ ရက်နေ့က ရန်ကုန် လမ်းမတော်မြို့နယ် သရက်တောကျောင်းတိုက်မှ တူမဖြစ်သူနှင့်အတူ ပြန်လာခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် ရောဂါပိုးတွေ့ရှိသူအား ကျိုက္ခမီတိုက်နယ်ဆေးရုံ၌ ဆေးကုသမှုပေးလျက်ရှိပြီး၊ ၎င်းနှင့် ထိတွေ့ခဲ့သူ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၇ ဦး (စုစုပေါင်း ၉ ဦး) ကိုလည်း ကျန်းမာရေးဌာနက အဆိုပါ ဆေးရုံ၌ပင် Quarantine ထားရှိ၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။


