back

ရန်ကုန်တိုင်းဒေသကြီး၊ကျောက်တံတားမြို့နယ်အတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေး ဆေးခတ်ခြင်းနှင့် ဆေးဖြန်းခြင်းများ ဆောင်ရွက်

Aug 14 • 11:24 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်တိုင်းဒေသကြီး၊ကျောက်တံတားမြို့နယ်အတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေး ဆေးခတ်ခြင်းနှင့် ဆေးဖြန်းခြင်းများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်၌ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် ဩဂုတ်လ ၁၄ ရက် (ယနေ့) မွန်းလွဲပိုင...

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်၌ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် ဩဂုတ်လ ၁၄ ရက် (ယနေ့) မွန်းလွဲပိုင်းတွင် ဆေးခတ်ခြင်းနှင့် ဆေးဖြန်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ ထို့ပြင် မြို့နယ်အတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ဆေးရုံတက်ရောက်ကုသနေရသည့် လူနာများ၏ နေအိမ်များသို့ မြို့နယ်ကျန်းမာရေးအဖွဲ့နှင့် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ သွားရောက်ကာ ဆေးဖြန်းခြင်းလုပ်ငန်းများကိုပါ ဆောင်ရွက်ခဲ့ကြသည်။ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ဩဂုတ်လ ၉ ရက်မှ ၁၂ ရက်နေ့အထိ ၄ ရက်တာကာလအတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် ဆေးရုံလာရောက်ပြသသူ လူနာ ၁၈၀ ကျော်ရှိခဲ့ပြီး၊ ၎င်းတို့အနက် ပြင်းထန်းဝမ်းပျက်ဝမ်းလျှောရောဂါပိုး တွေ့ရှိသူ ၅၄ ဦးအထိ ရှိခဲ့ကြောင်း သိရသည်။

news-view-count-icon

22