back

ရှမ်းပြည်နယ်၊ အောင်ပန်းမြို့၌ နန်းအွန်ရေထွက်မှ ရေသွယ်ယူထားသည့် ပိုက်လိုင်းများ ပြုပြင်နေသဖြင့် ရေပေးဝေနိုင်ခြင်း မရှိသေးဟုဆို

Aug 14 • 6:35 AM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်နယ်၊ အောင်ပန်းမြို့၌ နန်းအွန်ရေထွက်မှ ရေသွယ်ယူထားသည့် ပိုက်လိုင်းများ ပြုပြင်နေသဖြင့် ရေပေးဝေနိုင်ခြင်း မရှိသေးဟုဆို

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ကလောချောင်းရေ မြင့်တက်ကာ နန်းအွန်ရေထွက် ရှိ ရေပေးဝေရေး အဆောက်အအုံအတွင...

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ကလောချောင်းရေ မြင့်တက်ကာ နန်းအွန်ရေထွက် ရှိ ရေပေးဝေရေး အဆောက်အအုံအတွင်းသို့ ရေဝင်ရောက် နစ်မြုပ်ခဲ့သဖြင့် ပြန်လည်ပြင်ဆင်နေရပြီး လတ်တလောတွင် ရေပေးဝေနိုင်ခြင်း မရှိသေးကြောင်း သိရသည်။အောင်ပန်းမြို့တွင် ငါးကြောင်အိုင် မိုးရေလှောင်နှင့် နန်းအွန်ရေထွက်တို့မှ ရေပိုက်လိုင်းပေါင်း ၃,၀၀၀ ကျော်ဖြင့် သောက်သုံးရေ ဖြန့်ဝေပေးနေခြင်းဖြစ်ပြီး ယခု ရေနစ်မြုပ်မှုကြောင့် နန်းအွန်ရေထွက်မှ သွယ်ယူထားသည့် ရေပိုက်လိုင်း ၁,၀၀၀ ခန့်မှ အိမ်ထောင်စုများ သောက်သုံးရေ ပြတ်လပ်နေခြင်း ဖြစ်သည်။လက်ရှိတွင် ငါးကြောင်အိုင်မှ ရေပိုက်လိုင်းများကို ပုံမှန်အတိုင်း သောက်သုံးရေ ဖြန့်ဝေပေးလျက်ရှိပြီး နန်းအွန်ရေပိုက်လိုင်း ပြင်ဆင်မှုမှာ ရေကျဆင်းမှုအပေါ် မူတည်၍ ၁ ရက်မှ ၄/၅ ရက်အထိ ကြာမြင့်နိုင်ကြောင်း အောင်ပန်းမြို့ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ထံမှ သိရသည်။

news-view-count-icon

17