back

ရန်ကုန်၌ နွမ်းပါးလူနာများအတွက် အစားအသောက် ချက်ပြုတ်ကျွေးမွေးရန် စီစဉ်နေ

Aug 14 • 4:33 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ရန်ကုန်၌ နွမ်းပါးလူနာများအတွက် အစားအသောက် ချက်ပြုတ်ကျွေးမွေးရန် စီစဉ်နေ

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆေးရုံများတွင် တက်ရောက်ကုသနေသည့် အမှန်တကယ် နွမ်းပါးသော လူနာများအတွက် အစားအသောက် ချက်ပြုတ်ကျွေးမွေးနိုင်ရန် နိုင်ငံတော်မှ ဘတ်ဂျက်ကျ...

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆေးရုံများတွင် တက်ရောက်ကုသနေသည့် အမှန်တကယ် နွမ်းပါးသော လူနာများအတွက် အစားအသောက် ချက်ပြုတ်ကျွေးမွေးနိုင်ရန် နိုင်ငံတော်မှ ဘတ်ဂျက်ကျထားပေးပြီးဖြစ်သဖြင့် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနန္ဒဝင်းက ပြောသည်။ထို့အပြင် ဆေးရုံတစ်ခု၌ ပြင်ပမှ လာရောက်လှူဒါန်းသည့် အစားအသောက်များ စားမိရာမှ လူနာစောင့် ၁၄ ဦး ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားခဲ့သဖြင့် ရောဂါကြိုတင်ကာကွယ်သည့်အနေဖြင့် တိုင်းအတွင်းရှိ ဆေးရုံများအားလုံး၌ ပြင်ပအစားအစာ လှူဒါန်းခွင့်ကို တစ်ပတ်ခန့် ယာယီရပ်နားထားကြောင်း သိရသည်။ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ဗဟိုအဆင့် ဆေးရုံကြီး ၁၄ ရုံ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနအောက်ရှိ တိုက်နယ်ဆေးရုံများအပါအဝင် ဆေးရုံ ၆၇ ရုံနှင့် ပုဂ္ဂလိကဆေးရုံ ၉၉ ရုံ ရှိသည်။

news-view-count-icon

14