back

ဧရာဝတီ အမျိုးသမီးအသင်း ဂျပန်လူငယ် ကစားသမား ၅ ဦး ခေါ်ယူဖြည့်တင်း

Aug 14 • 4:25 AM

breaking-news

မြန်မာ

ဧရာ၀တီ

cover

ဧရာဝတီ အမျိုးသမီးအသင်း ဂျပန်လူငယ် ကစားသမား ၅ ဦး ခေါ်ယူဖြည့်တင်း

ဧရာဝတီ အမျိုးသမီးအသင်းသည် ယခုရာသီ AFC Women's Champions League ခြေစစ်ပွဲ ပြိုင်ပွဲအတွက် ဂျပန် တက္ကသိုလ် လက်ရွေးစင် လူငယ် အမျိုးသမီး ကစားသမား ၅ ဦးကို ခေါ်ယူ ဖြည့...

ဧရာဝတီ အမျိုးသမီးအသင်းသည် ယခုရာသီ AFC Women's Champions League ခြေစစ်ပွဲ ပြိုင်ပွဲအတွက် ဂျပန် တက္ကသိုလ် လက်ရွေးစင် လူငယ် အမျိုးသမီး ကစားသမား ၅ ဦးကို ခေါ်ယူ ဖြည့်တင်းလိုက်ကြောင်း သိရသည်။ခေါ်ယူလိုက်သည့် ကစားသမားများမှာ တိုယို တက္ကသိုလ်မှ အိုကာမူရာ (နောက်တန်း)၊ မိုချီဇူကီ (နောက်တန်း)၊ ဒီရှီမာရု (အလယ်တန်း)၊ မတ်ဆူအို (အလယ်တန်း) နှင့် ယာမာနာရှီ တက္ကသိုလ်မှ ကာဆိုင် (အလယ်တန်း) တို့ ဖြစ်ကြသည်။ စာချုပ် သက်တမ်း ကာလကိုမူ ထုတ်ပြန်ထားခြင်း မရှိပေ။ဧရာဝတီ အသင်းသည် ရာသီအစက ဘင်္ဂလားဒေ့ရှ်မှ ရီတု နှင့် ဖိလစ်ပိုင်မှ အလစ်ဆာ တို့ကိုလည်း ခေါ်ယူထားသဖြင့် လက်ရှိတွင် ပြည်ပ ကစားသမား ၇ ဦးအထိ ရှိလာခဲ့ပြီ ဖြစ်သည်။ဧရာဝတီ အသင်းသည် AFC Women's Champions League ခြေစစ်ပွဲ အုပ်စု (F) တွင် နယူးတိုင်ပေ (တရုတ်တိုင်ပေ)၊ ဂျရောင်း (စင်ကာပူ) နှင့် နိုးလစ်မစ် (လက်ဘနွန်) အသင်းတို့နှင့်အတူ ကျရောက်နေပြီး အဆိုပါ အုပ်စုပွဲစဉ်များကို ဩဂုတ် ၁၇ ရက်မှ ၂၃ ရက်အထိ ရန်ကုန်မြို့၊ သုဝဏ္ဏကွင်း၌ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပသွားမည် ဖြစ်သည်။

news-view-count-icon

16