back

MSME လုပ်ငန်းရှင်များ ကျပ်သန်း ၁၀၀ အထိ အတိုးနှုန်းသက်သာသော ချေးငွေ လျှောက်ထားနိုင်

Aug 14 • 3:51 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

MSME လုပ်ငန်းရှင်များ ကျပ်သန်း ၁၀၀ အထိ အတိုးနှုန်းသက်သာသော ချေးငွေ လျှောက်ထားနိုင်

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အများဆုံး ကျပ်သန်း ၁၀၀ အထ...

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အများဆုံး ကျပ်သန်း ၁၀၀ အထိ အတိုးနှုန်းသက်သာစွာဖြင့် ချေးငွေလျှောက်ထားနိုင်ကြောင်း သိရသည်။ချေးငွေများကို MSME ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေမှတစ်ဆင့် မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် ပုဂ္ဂလိကဘဏ် ၁၆ ဘဏ်တို့မှ ထုတ်ချေးပေးမည်ဖြစ်ပြီး သက်ဆိုင်ရာ မြို့နယ် သို့မဟုတ် ခရိုင် MSME အေဂျင်စီများတွင် လျှောက်ထားနိုင်သည်။ချေးငွေပမာဏအနေဖြင့် အသေးစားနှင့် အငယ်စားလုပ်ငန်းများအတွက် အများဆုံး ကျပ်သန်း ၅၀ အထိနှင့် အလတ်စားလုပ်ငန်းများအတွက် အများဆုံး ကျပ်သန်း ၁၀၀ အထိ လျှောက်ထားနိုင်သည်။ ပုံသေပစ္စည်းအတွက် အနည်းဆုံး ၃၀ ရာခိုင်နှုန်းနှင့်အထက် အသုံးပြုပါက အတိုးနှုန်း ၃ ရာခိုင်နှုန်းဖြင့် သက်တမ်း ၃ နှစ် သတ်မှတ်ထားပြီး လှည့်ပတ်ငွေအတွက် ၁၀၀ ရာခိုင်နှုန်း အသုံးပြုပါက အတိုးနှုန်း ၄ ရာခိုင်နှုန်းဖြင့် သက်တမ်း ၁ နှစ်ခွဲ သတ်မှတ်ထားသည်။အာမခံပစ္စည်း မပေးနိုင်သည့် MSME လုပ်ငန်းရှင်များအနေဖြင့် Credit Guarantee Insurance (CGI) စနစ်ဖြင့် အတိုးနှုန်း ၅ ရာခိုင်နှုန်းဖြင့် အများဆုံး ကျပ်သန်း ၅၀ အထိ လျှောက်ထားနိုင်မည်ဖြစ်သည်။ အာမခံပစ္စည်းအဖြစ် ဘိုးဘွားပိုင်မြေ၊ ဂရန်မြေ၊ လန (၃၉) မြေ၊ ပုံစံ (၇) မြေများအပြင် RC တိုက်၊ အုတ်ညှပ်၊ Steel Structure နှင့် ကွန်ဒိုတိုက်ခန်းများကို လက်ခံပေးမည်ဖြစ်ရာ လုပ်ငန်းရှင်များအနေဖြင့် သတ်မှတ်ချက်များနှင့်အညီ လျှောက်ထားနိုင်ကြောင်း သိရသည်။

news-view-count-icon

16