back

ပြည်တွင်း စက်သုံးဆီ ရည်ညွှန်းဈေးနှုန်းများ ယခင်တစ်ပတ်ထက် တစ်လီတာလျှင် ကျပ် ၁၈၀ ဝန်းကျင် ပြန်လည်ကျဆင်း

Aug 14 • 3:50 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ပြည်တွင်း စက်သုံးဆီ ရည်ညွှန်းဈေးနှုန်းများ ယခင်တစ်ပတ်ထက် တစ်လီတာလျှင် ကျပ် ၁၈၀ ဝန်းကျင် ပြန်လည်ကျဆင်း

ကမ္ဘာ့ရေနံစိမ်းဈေးနှုန်း တစ်စည်လျှင် ၈၁ ဒေါ်လာဝန်းကျင် ရှိနေချိန်တွင် ပြည်တွင်း စက်သုံးဆီ ဈေးနှုန်းများမှာ ယခင်တစ်ပတ်ထက် တစ်လီတာလျှင် ကျပ် ၁၈၀ ဝန်းကျင် ပြန်လည်က...

ကမ္ဘာ့ရေနံစိမ်းဈေးနှုန်း တစ်စည်လျှင် ၈၁ ဒေါ်လာဝန်းကျင် ရှိနေချိန်တွင် ပြည်တွင်း စက်သုံးဆီ ဈေးနှုန်းများမှာ ယခင်တစ်ပတ်ထက် တစ်လီတာလျှင် ကျပ် ၁၈၀ ဝန်းကျင် ပြန်လည်ကျဆင်းလာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ဩဂုတ် ၁၄ ရက်တွင် ထုတ်ပြန်သည့် ရည်ညွှန်းဈေးနှုန်းများအရ ရန်ကုန်မြို့တွင် ဓာတ်ဆီ 92 Ron တစ်လီတာလျှင် ၃,၆၅၀ ကျပ် (၁၉၀ ကျပ်ကျ)၊ ဓာတ်ဆီ 95 Ron တစ်လီတာလျှင် ၃,၇၇၀ ကျပ် (၁၈၀ ကျပ်ကျ)၊ ဒီဇယ်တစ်လီတာလျှင် ၄,၀၂၀ ကျပ် (၁၃၅ ကျပ်ကျ) နှင့် ပရီမီယံဒီဇယ် တစ်လီတာလျှင် ၄,၈၇၀ ကျပ် (၁၈၀ ကျပ်ကျ) အသီးသီး ဖြစ်ပေါ်ခဲ့သည်။အဆိုပါ သတ်မှတ် ရည်ညွှန်းဈေးနှုန်းများသည် ဩဂုတ် ၂၀ ရက်နေ့အထိ အတည်ဖြစ်မည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

17